Saturday, 22 October 2011

ရခိုင်သမိုင်းကို နားမလည်ဘဲ လုပ်နီရေ ဦးဟန်ညောင်ဝေကို တွိဆုံရန်

ရန်ကုန်ရောက်လားခရေ ဦးဟန်ညောင်ဝေကို တွိဆုံကတ်ပနာ ရှင်းလင်းကတ်ပါဖို့ အခုဆိုကေ ဦးဟန်ညောင်ဝေက ရန်ကုန်ကို ပြန်လို့ ရောက်နီပါဗျန်ယေ။ ယေဇူးနင့်ရခို်င်သမိုင်းဆိုင်ရာ ကော်မီတီအဖွဲ့ က ဦးဟန်ညောင်ဝေကို အယင်ဆုံး အစည်းအ၀ီး ခေါ်ပနာ တွိဆုံဖြီရှင်းလိုက်ပါကတ်ဖိ ။ ရခိုင်သမိုင်းကို အလှပလှ ဖတ်ပြပနာ ဦးဟန်ညောင်ဝေ လုပ်စော်တိမှား ကြောင်း တင်ပြကတ်ပါ ။ သူသိစော်က ဇါချင့်ကို - မှားနီစော်က ဇါချင့်လေး ဆိုပနာ ရှင်းပြရကတ်ပါဖို့  ။ ယေမှရာ လွန်ခရေနှစ်က ကာဇစ်စတန်နိုင်ငံမှာ သဘာပတိအဖြစ် ညီလာခံ တက်ရောက်ခရေ ဦးဟန်ညောင်ဝေကို ပြောပြနိုင်ကတ်ပါဖို့ ယေ- ဒေပိုင်တွိဆုံကတ်ဖို့  စော်မှာ လူရိုသေ ရှင်ရိုသေ ပုဂ္ဂိုလ်တိနင့် ရခိုင်သမိုင်းဆိုင်ရာ ကော်မီတီတိက တွိဆုံဖို့ လိုပါရေ ၊ ယေမှရာ အားလုံးအတွက် အဖြီတခုကို ရကတ်ဖို့ စော်ပါ ။ ဒေအချိန်မှာ ရခိုင်လူမျိုးတိအနီနင့် ရခိုင်သမိုင်းဆိုင်ရာ ကော်မီတီတခုကို ဖွဲ့ စည်းဗြီးဗျန်လို့ လေး သတင်းရပါရေ ။ ယေဇူးနင့် ယင်းကော်မီတီက ရခိုင်လူမျိုးကို ကိုယ်စားပြုရေအတွက် ဒေပိုင် သမိုင်းဖြစ်ရပ်မှန်တိကို ပြောပြရဖို့ ဆိုကေ ကောင်းရေ လက္ခဏာ တခုပါယေ ။
ခိုင်အောင်ကျော်
နယူးယောက်
အမေရိကပြည်ထောင်စု
 
(ဓာတ်ပုံကို the Voice ဂျာနယ်မှ ကူးယူဖော်ပြသည်။) (ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး သမတအဖြစ်တာဝန်ယူခရေ ညောင်ရွှေစော်ဘွား စစ်ရွှေသိုက်၏ သား အငယ်ဆုံး ဖြစ်တေ ဦးဟန်ညောင်ဝေရေ 1963 ခုနှစ်ကပင် ပြည်ပသို့ ထွက်လာပြီးကေ အခု နှစ် ၅၀ အကြာမှာ မြန်မာနိုင်ငံသို့ သူ့သမီးနန့် အတူ ပထမဆုံး အကြိမ် Air Asia လေကြောင်းလှိုင်းနန့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနီ ရန်ကုန်သို့လားခပါရေ။) 

 http://www.laywaddyarakan.com/2011/10/blog-post_9049.html

ဂီရိ တနှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ထိုင်းနိုင်ငံတွင် ကျင်းပ

မောင်ရမ္မာ
-----------
ဂီရိ မုန်တိုင်း (၁) နှစ်မြောက်နေ့ ၀မ်းနည်းအောက်မေ့ဖွယ် ဆုတောင်းပွဲ အခမ်းအနားကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက် (ယနေ့တွင်) ထိုင်းနိုင်ငံ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးဆောင်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပကျေးရွာ တောရဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

Cyclone Giri victims memorial
ဆုတောင်းပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အဆိုပါ အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ကိုအောင်မင်းဦး က နိရဉ္စရာ သို့ ယခုလို ပြောသည်။

" ကျွန်တော်တို့ ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဂီရိမုန်တိုင်းနဲ့ပတ်သက်ပြီးတော့ သတင်းမီတာယာ တွေက အလေးထားမှု အားနည်းတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဗမာ သတင်းမီဒီယာတွေ အပါအ၀င် နိုင်ငံ တကာ သတင်းမီဒီယာတွေက အလေးထားလာအောင်နဲ့ ပြည်သူလူထုတွေကလည်း ဂီရိမုန်တိုင်းမှာ အမှန်တကယ် ဖြစ်ခဲ့တာတွေကို သိရှိလာအောင် ရည်ရွယ်ပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ နောက်တခုက မြန်မာနိုင်ငံပြည်ပအတိုက်အခံ အင်အားစုတွေကိုလည်း သူတို့နိုင်ငံရေးစည်းရုံးရေးခရီးစဉ်တွေမှာ ဂီရိမုန်တိုင်းခံ ရခိုင်ပြည်သူများ အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ လူသားချင်စာနာထောက်ထား သည့်အကူအညီများရရှိလာဖို့ အတွက် ကိုယ်စား စည်းရုံးလုံ့ဆော်သွားကြဖို့အတွက်လည်းကို ရည်ရွယ်ပါတယ်။ "

ဆုတောင်းပွဲ အခမ်းအနားတွင် တက်ရောက်လာသူများက ပထမဆုံးအနေဖြင့် ဂီရိမုန်တိုင်းကြောင့် သေဆုံးသွားသူများ အတွက် ဖယောင်း တိုင်ထွန်းညှိပြီး စက္ကန် ၃၀ ခန့် ငြိမ်သက်ကာ မိမိကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်း ခဲ့ကြပြီး ယင်းနောက်ပိုင်း အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ထိုင်မြန်မာနယ်စပ် ရွှေ့ပြောင်းစာသင်ကျောင်း(BHSOH) ကျောင်းမှ ကျောင်းအုပ်ကြီး ခိုင်ဦးမောင်က အခမ်း အနားဖွင့် မိန်းခွန်းပြောကြားရာတွင် သဘာဝ ဘေးအန္တရာယ် ကျရောက်လာခြင်းသည် သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနေသည့်အတွက်ကြောင့် ဖြစ်သည်ဟု ပြောကြားသည်။

" ကျွန်တော်တို့ငယ်ငယ်တုန်းက ရခိုင်ပြည်မှာ သဘာဝ ဘေးအန္တရာယ်ဆိုတာ တခါမှဘဲ ကျရောက် တတ်ပါတယ်။ ခုလို ခဏခဏ မကျရောက်ခဲ့ပါဘူး။ ဘာဖြစ်လို့ မကျရောက်သလဲဆိုရင် သဘာဝ ဘေးအန္တရာယ်ကို ကာကွယ်တဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မရှိတဲ့ အတွက် ဖြစ်ပါတယ်။ အခု ရခိုင်ပြည်က သဘာဝပတ်ဝန်းကျင်ကို လောဘ သက္ကာယကြီးတဲ့ စစ်အာဏာရှင်တွေက နည်းမျိုးစုံနဲ့ ဖျက်ဆီးနေတာကြောင့် သဘာဝ ဘေးအန္တရာယ်တွေ ဆက်တိုက်ဆိုသလို ကျရောက်နေတာ ဖြစ်တယ်။"

အခမ်းအနားတွင် ကရင်တော်လှန်ရေးသမားတစ်ဦးလည်းဖြစ်၊ လက်ရှိမှာ ထိုင်းမြန်မာ နယ်စပ် ရွှေ့ပြောင်း စာသင်ကျောင်း CDC ကျောင်းအုပ်ဆရာကြီး ဦးရွှေနှင်းကလည်း ယခုလို ပြောသည်။
Cyclone Giri victims memorial candle light
" ပြည်သူပြည်သားတွေအားလုံး လွတ်ငြိမ်းဖို့ရေ၊ ဘေးအန္တရာယ်ကင်းရှင်းဖို့အတွက် တနင်္ဂနွေ နေ့တိုင်း ဆုတောင်းပါတယ်။ ပထမဆုံးတော့ ၂၀၀၇ ရွေဝါရောင် တော်လှန်ရေးကို အခြေခံပြီးတော့ ဆုတောင်းပွဲ တွေလုပ်ကြတယ်။ နောက်ပိုင်း နာဂစ်တို့၊ ဂီရိတို့ဝင်လာတော့ အဲဒါတွေအတွက်ပါ ဆုတောင်းကြတယ်။ ဘာဘဲဖြစ်ဖြစ် မြန်မာပြည်သူပြည်သားတွေ သဘာဝ ဘေး အန္တရာယ်က ကင်းလွတ်ဖို့၊ အဖိနှိပ်ခံဘ၀က လွတ်မြောက်ဖို့၊ တိုင်းပြည်အေးချမ်းဖို့၊ တိုင်းပြည်ဖွံ့ဖြိုးပြီး ပြည်သူ ပြည်သားတွေ စိတ်ချမ်းမြေ့ဖို့ဆိုတာတွေကို ကျွန်တော်တို့ အမြဲတမ်း ဆုတောင်းနေကြရမှာ ဖြစ်ပါတယ်။"

အခမ်းအနားတွင် ဂီရီမုန်တိုင်းကြောင့် ပျက်စီးသွားပုံများကို ရိုက်ကူးထားသော ဗွီဒီယိုများကို ၁၅ မိနစ်ခန့် ပြသပြီး ဂီရိဒေသမှ ဓါတ်ပုံ ၃၀၀ ကျော်ကိုလည်း ပြသခဲ့သည်ဟု သိရသည်။

အခမ်းအနားကို တိုင်းရင်းသားအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ရခိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ တသီး ပုဂ္ဂလိက များနှင့် ရခိုင်အလုပ်သမားများအပါအ၀င် စုစုပေါင်း ၁၂၀ခန့် တက်ရောက်ခဲ့သည်။

၎င်းအပြင် ထိုင်းနိုင်ငံ ပူကတ်မြို့တွင်လည်း လေးဝတီ ရခိုင်မျိုးချစ် လူမှုရေးအသင်းမှ ဦးဆောင်ပြီး ကျင်းပခဲ့ရာ လူပေါင်း ၈၀ နီးပါးခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

ကျင်းပရသည့် ရည်ရွယ်ချက်ကို လေးဝတီ ရခိုင်မျိုးချစ် လူမှုရေးအသင်းမှ ဥက္ကဌ ကိုစိုးမြင့်က နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

" ကျွန်တော်တို့ ရခိုင်ပြည်မှာ လွန်ခဲ့တဲ့ တနှစ်က ဂီရိမုန်တိုင်းကျခဲ့တဲ့ တနှစ်ပြည့် အထိမ်းအမှတ် တခုပါ။ ရခိုင်ပြည်မှာ မုန်တိုင်းကြောင့် သေဆုံးသွားတဲ့ လူတွေ၊ အခုလက်ရှိ ဆင်းရဲဒုက္ခဖြစ်နေတဲ့ လူတွေရဲ့ ဘ၀အခြေအနေတွေကို ၀မ်းနည်းမှု တခုအနေဖြင့် လုပ်ရတာဖြစ်ပါတယ်။"

၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိ ဆိုင်ကလုန်မုန်တိုင်း တစ်နှစ်ပြည့် ၀မ်းနည်းဖွယ် ဆုတောင်းပွဲအခမ်းအနားများကို ပြည်ပတွင် သာမက ပြည်ထဲရှိ ကျောက်ဖြူမြို့နှင့် တောင်ကုတ် မြို့များတွင်လည်း ကျင်းပခဲ့သည်ဟု သိရသည်။

ဂီရိမုန်တိုင်းသည် ၂၀၁၀ ခုနှစ်က အောက်တိုဘာလ ၂၂ ရက်နေ့ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ အမ်းမြို့နယ်များကို ၀င်ရောက် တိုက်ခတ်ခဲ့သည်။ အဆိုပါ မုန်တိုင်းကြောင့် လူပေါင်း ၁၀၀ နီးပါး သေဆုံးကာ လူပေါင်း၂၆၀၀၀၀ ကို ထိခိုက်စေခဲ့သည်။ လူပေါင်း ၇၀၉၇၅ ဦးကို အိုးမဲ့ အိမ်မဲ့ ဖြစ်စေခဲ့သည်။ 

http://www.narinjara.com/detailsbur.asp?id=3554 

ရခိုင်ပြည်နယ် အစိုးရ၏ ပထဆုံး သတင်းဂျာနယ် ထုတ်ဝေဖြန့်ချီ

ထွန်းထွန်း
-----------
ရခိုင်ပြည်နယ် အစိုးရမှ "ရခိုင်ပြည်နယ် ဂျာနယ်" အမည်ရှိသော ၀ါဒဖြန့် သတင်း ဂျာနယ် တစ်စောင်ကို ယခုလ အတွင်း စတင် ထုတ်ဝေ ဖြန့်ချီလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဂျာနယ်မှာ ရခိုင်ပြည်နယ် အစိုးရတက်လာပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ထုတ်ဝေသော စာအုပ်ဖြစ်သည်။

" အဓိကတော့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို Information ပေးတဲ့ အဆင့်လောက်ပါ။ သိပ်ထူးထူး ခြားခြားကြီးတော့ မဟုတ်ပါ။ လူထု အကျိုးပြုဆောင်းပါးတွေထက် သူတို့ လုပ်ဆောင်ချက်တွေကို အသားပေး ဖေါ်ပြထားတဲ့ ဆောင်ပါးတွေ ပိုများမယ်ထင်ပါတယ်" ဟု ဂျာနယ်ကို ဖတ်ရှု့ထားသူ စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။

ဂျာနယ်တွင် ရခိုင်ပြည်နယ်၏ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေးဖြစ်ပေါ် တိုးတက်မှု သတင်းဆောင်းပါးများကို အဓိက ဖေါ်ပြထားသော်လည်း နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှုများနှင့် ဒေသခံ ပြည်သူများ၏ နစ်နာဆုံးရှုံးမှု များကို ဖေါ်ပြ ထားခြင်းမရှိကြောင်း တခြား စာဖတ် ပရိသတ်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် သတင်းဂျာနယ်၏ အယ်ဒီတာချုပ်မှာ ဆရာကြီး ကံကြီးအောင်ဖြစ်ပြီး၊ အယ်ဒီတာ အဖွဲ့ဝင်များမှာ ဂနိုင်တင်(မန်အောင်)၊ ဗဂျီးကျော်(စစ်တွေ)။ သတင်း အဖွဲ့ဝင်များမှာ မောင်ကံ၊ ခိုင်မြတ်စံ၊ နုနုနွေ(ဓညဝ တီ)၊ မာန်ယုကျော် (ရွှေဝမြေ)နှင့် ကျော်ဇတို့ ဖြစ်ကြသည်။

မလေးသျှားဟိ မြန်မာသံယုံးဟိမှာ ရခိုင်သားဆန္ဒပြ

မလေးသျှားဟိ မြန်မာသံယုံးဟိတွင် အေနိခါမိုးသောက်ဖက်(၁၀)ချက်တီလောက်က ဆန္ဒပြမှူ တစ်ခုပြုလုပ်ခ ဂတ်ပါရေ။ ဆန္ဒပြရခြင်းအဓိက ရီရွယ်ချက်က ရခိုင်ပြည်မှာ လုပ်နိန်ရေ ကျောက်ဖြူ ရီနက်ဆိပ်ကမ်းစီမံကိန်းရပ်တန့်ပီးရီး၊ Shwe Gas Project ဆက်ပြီးဂေမလုပ်ဖို့အတွက် ဆန္ဒပြ ရခြင်းဖြိုက်တေ။ ယင်းပိုင်ဆန္ဒပြစွာမှာ မလေးသျှားဟိရခိုင်သူ၊ရခိုင်သားအယောက် ၂၅၀ ကျော်လောက်ပါ ဝင်ခကတ်ပါရေလို့ သိရပါရေ။ ရခိုင်အဖွဲ့အစီးတိပိုင်  တိုင်းရင်းသားမဟာမိတ်အဖွဲ့အစီးများ (COBEM) ကပါ ပူးပေါင်းပါဝင်ခဂတ်ပါရေ။ အေနိန့်ခါလုပ်တေဆန္ဒပြပွဲမှာ
(၁)Shwe Gas Project အား အခုချက်ချင်းရပ်တန့်ပီးရီး
(၂)ကျောက်ဖြူရီနက်ဆိပ်ကမ်းစီမံကိန်းအားရပ်တန့်ပီးရီး

(၃)ရခိုင်ပြေမှာ လယ်ယာမြီအတင်းအားဒမ သိမ်းယူခြင်းမှရပ်တန့်ပီးရေး

(၄)ရခိုင်ပြေသူလူထုတိကို လူ့အခွင့်အရီး ချိုးဖောက်နိန်မှူမှရပ်တန့်ပီးရီးး
(၅)အရှင်ပညာစာရနှင့်ရခိုင်နိုင်ငံရီးအကျဉ်းသားများ အယင်ဆုံးလွတ်မြောက်ရီး
 စရေအချက်တိကို အလေးထားပနာတောင်းဆိုခဂတ်ပါရေ။ ဆန္ဒပြပွဲစော် မိုးသောက်ဖက် (၁၁)ကျော်လောက်မှာပြီးလားပါရေလတ်။ ယင်းပိုင် ဆန္ဒပြပွဲမှာပါဝင်ခရေ ကိုမျိုးကြီးကိုမီးမြန်းကြည့်ရေခါ ....ဖေသာဘီလီယံအများကြီးရနိန်ပါယင့်သင့်နန့် ရခိုင်လူထုအကျိုးစီးပွားကို တခုချေလေးမကြည့်၊ ရခိုင်သားတိမှာ အခုအချိန်ထိ အမှောင်ထဲမှာရာနိန်ရပါရေ ။ယပြီးဂေ ရခိုင်ပြေကို တရုတ်လက်ထဲရောင်းစားနိန်စော်ကိုလေး ရခိုင်သားတယောက်အနိန်နန့် အများကြီးဝမ်းနည်းမိပါရေ။ သိန်းစိန်(ပြောင်ကြီး)အစိုးရလက်ထက်မှာလေး အေအတိုင်းရာဆက်ပြီးရောင်းစားနိန်ဂေ ရခိုင်သားတိမှာ အေချင့်ထက်ဆင်းရဲတွင်းနက်ဖို့ရာ ဟိလီဖို့။ ရခိုင်သားတိအတွက် ဇာလောက်ထိ ရင်နာဖို့ကောင်းရေလေး။ မြစ်ဆုံရပ်ကေ ကျောက်ဖြူစီမံကိန်းပါရပ်ရပါဖို့။ လုံးဝ လုံးဝ ရပ်တန့်ရဖို့လို့ ပြောလားခပါရေ။
 

အစိုးရသစ်လက်ထက် ရခိုင်တွင် ဆင်ဖြူတော် တွေ့ ပြန်ပြီ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မေယူတောင်တွင် နောက်တပ် ဆင်ဖြူတော် တစ်ကောင်ကို တွေ့ရှိကြောင်း သတင်း ရရှိသည်။


White-elrephant-Arakanဆင်နှစ်ကောင်ကြား အလယ်မှ ဆင်ငယ်မှာ ဆင်ဖြူတော် ဖြစ်သည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
အဆိုပါ ဆင်ဖြူအား အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၉ နာရီခန့်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းဒုံ စေတီပြင်ကျေးရွာ အရှေ့ ဘက် ၁ မိုင်ခန့် အကွာရှိ တောတွင်း တစ်နေရာတွင် ဆင်မကြီးနှစ်ကောင် ဘေးမှ ခြံရံလျက် တွေ့ရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"ခန်းမှန်းခြေအရ ဆင်ဖြူဟာ အရပ် ၅ ပေ ၅ လက်မရှိမယ်တင်ပါတယ်။ ဆင်က သိပ်မကြီးသေးပါဘူး။ တွေ့တဲ့အချိန်မှာ ဆင်ကြီးနှစ်ကောင်နဲ့ ခြံရံပြီး အစာစားနေတဲ့အချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်" ဟု ပြောသည်။

အခုတွေ့ရှိခဲ့သော ဆင်ဖြူမှာာ ဆင်ဖြူတော်များတွင် ရှိရမည့် ကြန်အင်လက္ခဏာများနှင့် ပြည့်စုံကြောင်း သိရသည်။

ဆင်ဖြူကို ရခိုင်ပြည်နယ် ငါးစားကျူးကျေးရွာမှ ရွာသားနှစ်ဦးက စတင်တွေ့ရှိခဲ့ကြောင်း ဒေသခံက ပြောသည်။

၎င်းတို့နှစ်ဦးသည် ဆင်ဖြူတွေ့လျှင် တွေ့ချင်း ကြိမ်ချောင်း သစ်တောရုံးမှ တောခေါင်း ကို အကြောင်း ကြားခဲ့ပြီး တောခေါင်းနှင့် တာဝန်ရှိသူများမှ ဆင်ဖြူ နောက်သို့ လိုက်လံကြည့်ရှု့အကဲခတ်လျက်ရှိကြောင်း သိရသည်။
ယခုအခါ ဘူးသီးတောင် အခြေစိုက် အမှတ် ၂၃၄ တပ်ရင်းမှ တပ်ရင်းမှူးကိုယ်တိုင် အဆိုပါ ဆင်ဖြူအား ဖမ်းဆီးရန် လိုက်လံ ရှာဖွေနေကြောင်း ဒေသသတင်းတစ်ခုအရ သိရသည်။
ယခုတွေ့ရှိသော ဆင်ဖြူမှာ (၆) ကောင်မြောက် ရခိုင်မှ တွေ့ရှိသော ဆင်ဖြူ ဖြစ်ပြီး အစိုးရသစ်လက်ထက်တွင် ပထမဆုံးတွေ့ရှိသည့် ဆင်ဖြူတော် ဖြစ်သဖြင့် ဖမ်းဆီးရမိရန် အပူ တပြင်း လိုက်လံရှာဖွေနေကြောင်း သိရသည်။